အဖွဲ့ပေါင်းစုံဝိုင်းသမတာခံရတော့မယ့် ရေးဘီလူး

ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ရေးမြိုနယ်၊ ခံသင်းတံတားတွင် အခြေပြုလျက်ရှိသည့် မွန်ငြိမ်းချမ်းရေးအဖွဲဝင် ၃ ဦးအား ရေးဘီလူးအဖွဲမှ ပစ်ခတ်တိုက်ခိုက်ကာ လက်နက်များပါ ယူဆောင်သွား ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်အား စုံးစမ်းရာ-

မွန်ငြိမ်းချမ်းရေးအဖွဲဝင်များဖြစ်သူ နိုင်စိုးသူ၊ နိုင်ရမ်ဘိုနှင့် နိုင်ဖြိုးရာဇာတို ၃ ဦးမှာ ခံသင်းတံတားမှ အဖွဲဝင်များအတွက် စျေးဝယ်ရန်ထွက်လာစဉ် စုံနံ့သာကျေးရွာ၊ ဘောလုံးကွင်းအနီးသို ရောက်ရှိချိန်၌ အကြမ်းဖက် ရေးဘီလူးအဖွဲဝင်များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားကြောင်းနှင့် ၎င်းတိုပါလာသော လက်နက်ခဲယမ်းများပါ ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရှိရပါသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ငြိမ်းချမ်းရေးအဖွဲဝင်များနှင့် ရေးဘီလူးအဖွဲတို ဆက်ဆံရေးမှာ ပိုမိုတင်းမာ သွားခဲ့ပြီး ရေးဘီလူးအဖွဲအား မွန်ငြိမ်းချမ်းရေးအဖွဲမှ ပြန်လည်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။