ငြိမ်းချမ်းခြင်း အသီးအပွင့်

နယ်မြေခံတပ်မတော်ဆေးကုသရေးအဖွဲ့က မင်းပြားမြို့ရှိ ရာမောင်ခန်းမ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိတယ်။

မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတွေကို ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေတဲ့အပြင် ECG စက်/ဓာတ်မှန်စက်များဖြင့်လည်း ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနေတာ ၂၂-၁-၂၀၂၃ ရက်နေ့မှ ၂၄-၁-၂၀၂၃ ရက်နေ့ထိဆိုရင် မြို့ပေါ်နှင့် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ ကျား(၇၀၅)ဦး၊ မ(၁၀၁၂)ဦး၊ စုစုပေါင်း(၁၇၁၇)ဦးကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီဖြစ်တယ်။

ယခင်တိုက်ပွဲကာလ မငြိမ်းချမ်းတဲ့အချိန်တုန်းကဆိုရင် ဒေသခံပြည်သူတွေဟာ ဆေးကုသဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ယခုလို ဆေးကုသခွင့်ရတာဟာ ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်ဖြစ်တယ်ဆိုရင် မမှားပါဘူး၊ ဒါကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။

CRD;