ရွှေတိဂုံစေတီတော်မှာ ထမနဲပွဲတော်အတွက် အလှူခံမဏ္ဍပ်တွေ စေတီရင်ပြင်မှာဖွင့်ထား

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်တဲ့ ထမနဲပွဲတော်ကို ယခုနှစ်မှာ ရွှေတိဂုံစေတီတော်မှာ ကျင်းပဖို့ပြုလုပ်နေပြီး ထမနဲပွဲတော်အတွက် အလှူခံမဏ္ဍပ်ကိုလည်း စေတီတော်ရင်ပြင်မှာဖွင့်ထားပြီဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရပါတယ်။

ရွှေတိဂုံစေတီတော်က အလှူခံမဏ္ဍပ်တွေအနေနဲ့ထမနဲ့ တစ်ဒယ်ကို ကျပ်၅သောင်း၅ထောင်ကျပ်နှုန်းနဲ့ ပါဝင်လှူဒါန်းနိုင်ပြီး ကျပ်၁သောင်းနဲ့အထက်အလှူရှင်တွေကိုလည်း ထမနဲတွေပြန်လည်ဝေမျှမှာဖြစ်သလို ရ ရှိလာတဲ့ထမနဲ ၄ပုံ၁ပုံကို အလှူရှင်တွေကိုပြန်ပေးပြီး ကျန်တဲ့ထမနဲတွေကို ဘုရားမှာရှိတဲ့ ကျောင်းတွေက သင်္ဃာတွေနဲ့ဘုရားဖူးလာပြည်သူတွေကိုလှူဒါန်းပေးမယ်လို့ဆိုပါတယ်။

ရွှေတိဂုံစေတီတော်မှာ ထမင်းနဲပွဲတော်ကို ကိုဗစ်ကာလမတိုင်မှီက ကျင်းပခဲ့တာဖြစ်ပြီး မကျင်းပဖြစ်ခဲ့တာ ၃နှစ်ကျော်ရှိနေရာ ယခုနှစ်မှာပြန်လည်ကျင်းပတာဖြစ်ကြောင်း သိရပါတယ်။