အမရပူရမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ခန့်က မန္တလေးတိုင်း အမရပူရမြိုနယ်၊ စာတိုးမြိုပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ရပ်၊ ရန်ကုန် – မန္တလေး လမ်းဟောင်းဘေးရှိ “မောင်ဒိန်းရွှေဆိုင်” ဓားပြတိုက်ခံရတာပါ။

အမရဌာနီအရှေ့ရပ်ကွက်၊အောင်မြေသာစံမြိုနယ်နေသူ ဦးဒိန်း ပိုင်ဆိုင်သော “မောင်ဒိန်းရွှေဆိုင်” ဖွင့်လှစ်ရောင်းချနေစဥ် အမည်မသိ လူငယ် ၄ ဦးခန့်သည် သေနတ် များကိုင်ဆောင် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်လာကာ သေနတ် ၁ချက်ဖောက်ပြီး ဓားပြတိုက်ခဲ့ခြင်းဖြစ်တယ်လို ဆိုပါတယ်။

အဆိုပါ ဓားပြများသည် ဆိုင်အတွင်းမှ ရွှေဆွဲကြိုး ၄၁ကုံး အလေးချိန် ၂၀ ကျပ်သား၊ကာလတန်ဖိုး ကျပ် ၅၈၀သိန်း၊ ရွှေနားကပ် ၁၃၇ ရံ၊အလေးချိန် ၂၄ ကျပ်သား ကာလတန်ဖိုး ကျပ် ၇၀၈ သိန်း၊ ဟန်းချိန် ၂၁ ခု အလေးချိန် ၇ ကျပ်သားကာလတန်ဖိုး ကျပ် ၁၄၇ သိန်း၊ကလစ် ၄ခုအလေးချိန် ၁ ကျပ်သား ကာလတန်ဖိုး ကျပ် ၂၉ သိန်း၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၄၆၄ သိန်းဖိုး အားယူဆောင်ကာ ကားဖြင့် မောင်းနှင်ထွက်ပြေး သွားတယ်လိုဆိုပါတယ်။

မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကာလတွေက စပြီးတော့ ခိုးမှု လုယက်မှုတွေနဲ့ ရွှေဆိုင်တွေ ဓားပြတိုက်ခံရမှုကလည်း မကြာခဏ ဖြစ်ပွားနေတယ်လို မြို့ခံတွေက ပြောပါတယ်။

Source; Myanma Platform