မဟာမုနိဘုရားကြီး၏ ဝါဆိုခြင်းလုံးပွဲတော်တွင် ခြင်းအသင်းပေါင်း ၄၂၀ အလှခတ်ကစား

ဇူလိုင် ၁၃ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်ရှိ မဟာမုနိဘုရားကြီးအနောက်မုခ်ရှိ မဟာမုနိ ဝါဆိုခြင်းလုံးအားကစားရုံတွင် ဇူလိုင် ၁၃ရက် နံနက်ပိုင်းက မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် (၉၅)ကြိမ်မြောက် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်မြတ်နိုးနိုးတန်ဖိုးထားစေရန် နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကော မပပျောက်အောင်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ယခုနှစ် မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို (၉၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် ဇူလိုင် (၁၃)ရက် မှ သြဂုတ် (၂)ရက်နေ့ထိ နေ့စဉ် နံနက် (၈)နာရီ မှ ညနေ ၆နာရီထိ (၂၁)ရက်အကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ခြင်းလုံးအလှခတ်ပွဲတော်၌ တစ်ရက်လျှင် ခြင်းအသင်း (၂၀) သင်း အလှပြခတ်မည်ဖြစ်ပြီး စုစုပေါင်း ခြင်းအသင်းပေါင်း (၄၂၀)သင်း ပါဝင်အလှခတ်မည်ဖြစ်သည်။

Source; Myanma Platform