ပြင်ဦးလွင်တွင် ပန်းပူဇော်ပွဲ ညလုံးပေါက်ကျင်းပမည်

ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီးရပ်ကွက်ကြီး(၂၀)ရှိ သျှီးနီးလ်ထေရွှရ် သျှီဝဟိန္ဒူဘုရားကျောင်းမှာ ဘုရားကျောင်းဂေါပကအဖွဲက ကြီးမှူးပြီး မတ်လ ၈ ရက်မှာ မဟာသျှီဝရာတြီး ပန်းပူဇော်ပွဲတော်ကြီးကို ညလုံးပေါက်ကျင်းပသွားမှာ ဖြစ်တယ်လို ဘုရားကျောင်းဂေါပကအဖွဲကနေ သိရပါတယ်။

ပန်းပူဇော်ပွဲတော်ရဲ့ မတ်လ ၈ ရက်မှာ ပထမအကြိမ်ပူဇော်ပွဲကို ည ၉ နာရီ၊ ဒုတိယအကြိမ်ပူဇော်ပွဲကို ည ၁၂ နာရီ၊ တတိယအကြိမ်ပူဇော်ပွဲကို မတ်လ ၉ ရက် မနက် ၃ နာရီနဲ့ စတုတ္ထအကြိမ်ပူဇော်ပွဲကို မနက် ၅ နာရီတွေမှာ ကျင်းပသွားမှာဖြစ်တယ်လို ဆိုပါတယ်။

ပွဲတော်မှာ ဖူးမြော်ပူဇော်တာတွေနဲ့အတူ နွားနို၊ ရေ၊ ပန်း၊ ဆီမီး၊ သစ်သီးဝလံ စတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ဆက်ကပ် လှူဒါန်းပြီး ညလုံးပေါက် ကျင်းပပူဇော်ကြမှာဖြစ်တယ်လို သိရပါတယ်။

ဘုရားပွဲတော်လာ ပြည်သူတွေက မတ်လ ၉ ရက် မနက် ၇ နာရီကနေ ၁၀ နာရီအထိ သျှရီ သျှီဝ ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်တာတွေကို အစီအစဉ်တိုင်း ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနောက် မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ အလှူရှင်တွေက သက်သတ်လွတ်ထမင်းဟင်းလျာ တွေနဲ့ ပွဲတော်လာပရိသတ်တွေကို ကျွေးမွေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။

အဲဒီလိုပန်းပူဇော်ပွဲတော်ကြီးကို နိုင်ငံတစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘုရားကျောင်းအသီးသီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြမှာ ဖြစ်တယ်လို သိရပါတယ်။