အာဆီယံနိုင်ငံတွေကလည်း မုန်းတိုင်းသင့်ပြည်သူတွေကိုကူညီ

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို အာဆီယံနိုင်ငံများမှ ပေးပိုသည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၆၀၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၅၅၅၀ Kg ကျော်ကို သယ်ဆောင်လာသည့် စင်ကာပူလေတပ်မှ C-130 နှစ်စီး လေယာဉ်တို့သည် မေလ၂၂ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ကြောင်းသိရပါတယ်။

လာမည့်ရက်များတွင်လည်း အာဆီယံနိုင်ငံများ၏ သဘာဝဘေးကူညီရေးပစ္စည်းများ ဆက်လက်ရောက်ရှိ လာနိုင်ရန်ရှိပြီး ပထမအသုတ်နှင့် ယခုဒုတိယအသုတ်အပါအဝင် အကူအညီ စုစုပေါင်း၏ တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၁.၆၅ သန်းခန့်ရှိပြီး၊ အဆိုပါပစ္စည်းများကို အာဆီယံအရေးပေါ်ထောက်ပံ့မှုအစီအစဉ် (Disaster Emergency Logistics System)၏ မလေးရှား နိုင်ငံ ဆူဘန်းမြိုနှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြိုတိုရှိ ဂိုဒေါင်များမှ တစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက်ခန့် ကူညီသယ်ယူ ပိုဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။