(၃) ထပ်ကွမ်း ‌သေဒဏ်ချခံလိုက်ရတဲ့ ဖျာပုံအကြမ်းဖက်များ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ က အရပ်သားတစ်ဦး စစ်မှုထမ်းဟောင်းတစ်ဦး၊ ထွေအုပ်ဝန်ထမ်း မနှင်းဝေခိုင်နဲ့ သူငယ်ချင်းဖြစ်သူမနိုးနိုးဝေတို့ကို သတ်ခဲ့တဲ့အပြင် ဖောက်ခွဲမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ Black Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ထဲက တရားခံအချို့ကို (၃) ထပ်ကွမ်းသေဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ Black Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ထဲက တရားခံ ၈ ဦးဟာ ‌ပုသိမ်အကျဥ်းထောင်ထဲမှာ ‌ ‌သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က ထပ်ပြီးသေဒဏ်ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

ယခုအခါမှာ အဲဒီထဲက ၄ ဦးကို ၃ ထမ်ကွမ်းသေဒဏ် ထပ်မံ ချမှတ်လိုက်တာဖြစ်ပြီး ကျန်တဲ့ ၄ ဦးကတော့ ၂ ထပ်ကွမ်းသေဒဏ်တွေနဲ့ ‌နှစ်ရှည်ထောင်ဒဏ်ကနေ သေဒဏ်ချမှတ်ခံရသူတွေဖြစ်သွားတယ်လို့ သိရပါတယ်။