၅၅၀ ဆရာတော်မေတ္တာရိပ်အောက်မှာ အလှူဒါနပြုနေကြတဲ့ကန့်ဘလူသားများ

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် တောက္ကရှပ်အုပ်စု တောက္ကရှပ်ကျေးရွာ ရွာရှေ့ကျောင်းတိုက်တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ (၃၈) ကြိမ်မြောက် ပဋ္ဌာန်းသိမ်းအောင်ပွဲမှာ ပင့်သံဃာတော်(၆၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရပါတယ်။ အကြမ်းဖက်မရှိတဲ့ နယ်မြေကအေးချမ်းစွာ နေထိုင်သွားနိုင် လှူဒါန်းနိုင်တယ်ဆိုတာ ကန့်ဘလူကသက်သေပြနေပါတယ်နော်။