စစ်တောင်းမြစ်ရေသည် တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်နေ

စစ်တောင်းမြစ်ရေ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်နေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ကြဖို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အကျော်ကို ရောက်ရှိလာမယ်လို့သတိပေးထားပါတယ်။