နေပြည်တော်မှ နိုင်ငံသားကောင်းများ ရွာတော်ရောက်ပြီ

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူ (၁၈၄) ဦးသည် အမှတ် (၃) စစ်ကြောရေးနှင့် တည်ခိုရေး (ရွာတော်) တွင်ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ စစ်မှုထမ်းရန် မိမိသဘောဆန္ဒအရ စာရင်းပေးထားသူ တပ်ကုန်းမြိုနယ်မှ ၇ ဦး၊ ဥတ္တရသီရိ မြို့နယ်မှ ၂၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၃၀ ဦး ၊ ဇေယျာသီရိမြို့နယ်မှ ၁၂ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၅၆ ဦး၊ ဇဗ္ဗူသီရိမြို့နယ်မှ ၁၂ ဦး၊ ဒက္ခိဏသီရိမြို့နယ် ၃၅ ဦး၊ လယ်ဝေးမြို့နယ်မှ ၆ ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။