ချဲလ်ဆီးအသင်းက FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် ရမှတ်တွေဖြတ်တောက်ခံရဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ FFP ဖောက်ဖျက်မှုကျူးလွန်ခဲ့ပါက ရမှတ်လျှော့ခံရနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်းဖြစ်တဲ့ အေဗရာမိုဗစ်ချ်လက်ထက်မှာ ကစားသမားအပြောင်း အရွှေ့ စရိတ်အတွက် ပေါင်သန်းဆယ်နဲ့ချီတဲ့ ငွေပေးချေမှုတွေကို အေဘရာမိုဗစ်ချ်ပိုင် ကမ်းလွန်ရေနံစီးပွား ရေးလုပ်ငန်းတွေကနေ ပေးချေခဲ့တာတွေကို စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

       အဆိုပါ ကစားသမားအပြောင်းအရွှေ့တွေထဲမှာ ဟာဇက်၊ နည်းပြဟောင်း ကွန်တီ၊ ဝီလီယံနဲ့ ဆင်မြူရယ် အီတူး တို့အတွက် အပြောင်းအရွှေ့တွေ ပါဝင်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ အခုစွပ်စွဲ ချက်တွေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးပိုင်ရှင်အသစ်တွေဟာ UEFA ကို ဒဏ်ငွေ ပေါင် ၈ ဒသမ ၆ သန်းပေးဆောင် ထားခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ် ဆောင်နေတာဖြစ်ပြီးတော့ FFP စည်းမျဉ်းချိုးဖောက်ခဲ့ပါက ကြီးလေးတဲ့ဒဏ်ငွေအပြင် ရမှတ်ဖြတ်တောက်ခြင်း ပြစ်ဒဏ်ကို ချမှတ်ခံရနိုင်ပါတယ်။

      ချဲလ်ဆီးအသင်းဟာ အေဗရာမိုဗစ်ချ် လက်ထက်မှာ အဓိကဆုဖလားပေါင်း ၁၈ လုံးအထိရယူခဲ့ပြီး အခုပမာဏ ဟာ ၁၉ နှစ်အတွင်းမှာ အင်္ဂလိပ်ကလပ်အသင်းတွေထဲမှာ အများဆုံးပမာဏ ဖြစ်ခဲ့ပါတယ်။ ပရီးမီးယား လိဂ်ဖလား ၅ လုံး၊ အက်ဖ်အေဖလား ၅ လုံး၊ လိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ် ၂ လုံး ယူရိုပါလိဂ် ၂ လုံး ကွန်မြူနတီ ဒိုင်း ၂ ကြိမ်၊ ၊ FIFA Club World Cup နဲ့ UEFA Super Cup တို့ ၁ ကြိမ်စီရရှိထားတာ ဖြစ်ပါတယ်။

#PAN