ဓာတ်မြေဩဇာတင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၅၉၀ အထိရှိနေ

ပြည်ပကနေ ဓာတ်မြေဩဇာတင်သွင်းဖို့ လိုင်စင် လျှောက်ထားလာတဲ့ ကုမ္ပဏီပေါင်း ၅၉၀ အထိ ရှိနေပြီး တင်သွင်းမယ့် မြေဩဇာနမူနာကို စိုက်ပျိုးရေးဦးစီးဌာန ၊ မြေအသုံးဌာနခွဲကို ပေးပိုထားကြကြောင်းသိရပါတယ်။

တင်သွင်းမယ့် မြေဩဇာနမူနာတွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးတဲ့အခါ ရရှိလာတဲ့အဖြေတွေကို ၃ လတစ်ကြိမ်ပြုလုပ်တဲ့ မြေဩဇာနည်းပညာကော်မတီဆီတင်ပြပြီးမှသာ ဒုဝန်ကြီးဦးဆောင်တဲ့ မြေဩဇာကော်မတီအစည်းအဝေးကနေ ဓာတ်မြေဩဇာလိုင်စင်ကိစ္စ ဆုံးဖြတ်ကြတာဖြစ်ကြောင်းလည်းသိရပါတယ်။