မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်

🌷စိတ်ကိုစိတ်နဲ့ပဲဖြေလိုက်ပါ🌷

စိတ်ကြောင့်ဖြစ်တဲ့ ဆင်းရဲဟာ
စိတ်နဲ့ပဲ ကုစားပေးရတာပါ ။

လိုတာမရလို့ စိတ်ဆင်းရဲနေရင်
အလိုကိုလျော့ပြီး နေထိုင်လိုက်ပါ ။

မကျေနပ်လို့ စိတ်ဆင်းရဲနေရင်
မေတ္တာစိတ်နဲ့ခွင့်လွှတ်ပေးလိုက်ပါ ။

ဖက်တွယ်ထားသမျှဟာ ပူရပါတယ်
ဆုပ်ထားသမျှဟာ စူးရပါတယ် ။

အစိုးမရမတဲ့လောကမှာ
ကိုယ့်သဘောကိုယ့်ဆန္ဒအတိုင်းတော့
ဘယ်လို့မှ အချိန်တိုင်း မဖြစ်ပါဘူး ။

ကံစွမ်းရှိတုန်းအဆင်ပြေပြီး
ကံစွမ်းညံ့ရင်အဆင်မပြေဖြစ်ရမှာပါ ။

အလိုမကျမှု စိတ်ရှုပ်စရာတွေကို
ကိုယ်က နေရာပေးထားရင်
ကိုယ်ပဲပင်ပန်းဆင်းရဲရမှာဖြစ်ပါတယ် ။

ဒါကြောင့် မကောင်းစိတ်ရဲ့နေရာမှာ
ကောင်းတဲ့စိတ်လေးအစားထိုးလိုက်ရင်

ကုသိုလ်လည်း ဖြစ်ရသလို
စိတ်လည်းပဲ ချမ်းသာသွားနိုင်လို့
စိတ်ကို စိတ်နဲ့ပဲ ဖြေနိုင်ဖို့ ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏