သရက်ချောင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးသေတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ကတွဲကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၅၃ ဦးပါ တပ်မတော်စစ်ကြောင်းကို ရငဲကျေးရွာနှင့် ကတွဲကျေးရွာ ရွာချင်းဆက်လမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5-Zone)က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရှိကာ PDF ရဲဘော်များ အထိခိုက်ကျဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ကတွဲကျေးရွာ၊ ရငဲကျေးရွာအပါအဝင် ရွာချင်းဆက်လမ်းပေါ်တွင် လုံခြုံရေးတပ်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးတိုက်ပွဲဖန်တီးပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ အများအပြားဒဏ်ရာရတယ်လို့အောက်တန်းကျစွာရေးသားပြီး PDF ဂုဏ်ဖော်ကာ အထိခိုက်ကျဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တမင်အပုတ်ချလုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။