မတ္တရာမြို့နယ်တွင် ဈေးသည်အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တွင် ဈေးသည်အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဇန်နဝါရီ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် သရက္ကန်တောင်ကျေးရွာ ဈေးနားရှိ ကွမ်းယာ ဆိုင်ဘေးတွင် ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်း ရွက်ရောင်းနေသည့် ကန်ပိုင်ကျေးရွာအုပ်စု ကန်ပိုင်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် မနန်းဇူလှိင်အား အမည်မသိအမျိုသားနှစ်ဦး က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ် ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းသို သေနတ်ဖြင့် အပစ်ခံရမှုကြောင့် မနန်းဇူလှိင်၏ ညာဘက်နားထင်တွင် ကျည် ဖောက်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေ ရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။