မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာအနီးတွင် PDF အလောင်းနှင့် ကျည်ဆံများရရှိ

ဇန်နဝါရီလ ၂၃ ရက်က နံနက် ၇ နာရီခွဲခန့်တွင် မုံရွာမြိုနယ် ကြာပိုင်ကျေးရွာအနီးတွင် လုံခြံရေးအဖွဲများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ ငှက်ပျောတောအတွင်းမှ မသင်္ကာဖွယ်ရာ ၃ ဦးအား တွေ့ရှိရ၍ လုံခြုံရေးအဖွဲများက စစ်ဆေးမှုများပြုလုပ်ရန် ခေါ်ယူစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး စစ်ဆေးခဲ့ရာ PDF များဖြစ်ပြီး ၂ ကောင်အား အသေရရှိခဲ့ပြီး ၁ ကောင်မှာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရပါသည်။ ၎င်း PDFအလောင်း ၂လောင်းအား စစ်ဆေးခဲ့ရာ- -၇.၆၂ ကျည် ၆ တောင့်၊ -ပစ္စတိုကျည်အိမ် ၁ ခု နှင့် ကျည် ၅တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။