KNDF/PDF သင်တန်းဆင်း (၃) ဦးကို ခရီးသည်တင်ယာဉ်တစ်စီးပေါ်တွင် ဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲဝင်များသည် လွိုင်ကော် – တောင်ကြီး ပြေးဆွဲနေသည့် ငြိမ်းချမ်းမိုး ခရီးသည်တင်ယာဉ်ကို စစ်ဆေးရာ တောင်ကြီးမြိုသို့ အဖျက်အမှောက်လုပ်ငန်းများ လုပ်ကိုင်ရန်လာသော ဖယ်ခုံမြို့နယ်နေ KNDF/PDF သင်တန်းဆင်း (၃) ဦး ဂျိုဝါးနီ၊ ဘယ်နီဒဲတို၊ မာရီးယားနိုးတို့ သုံးဦးကို ဇွန်လ ၁၁ ရက် ညနေ (၃) နာရီ ခွဲခန့်က ဖမ်းဆီးရမိခဲ့သည်။

ယင်းနောက်တွင် ၎င်းတို့ထံမှ KNDF/PDF အကြမ်းဖက် သင်တန်းတက်ထားသည့် အထောက်အထားများ စစ်ဆေးတွေ့ရသည့်အပြင် တောင်ကြီးမြိုတွင် အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန်လာကြောင်း တွေ့ ရှိရသဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ – က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

crd