ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုး တော့မှာမဟုတ်ဘူးလို့ ပြောလာတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီနဲ့ ပြင်သစ်စူပါစတား အမ်ဘာပေ ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုး တော့မှာမဟုတ်ဘူးလို့ အသင်းကို အသိပေးလိုက်တယ်လို့ သတင်းတွေ ပေါက်ကြားလာခဲ့ပါတယ် ၂၀၂၄ ဇွန် လမှာ စာချုပ်သက်တမ်းကုန်မယ့် ဘာပေရဲ့ စာချုပ်ကြောင့် ပီအက်စ်ဂျီ အနေနဲ့ ခေါင်းခဲရမယ့် ကိစ္စ ဖြစ်လာခဲ့ပြီ ၂၀၂၄ မှာ အလွတ်နဲ့ပြောင်းရွှေ့ခွင့်ပြုမလား လက်ရှိ စာချုပ် သက်တမ်းကျန်နေတဲ့အချိန်မှာ စျေးကောင်းကောင်းနဲ့ ရောင်းချမလား ဆိုတာကို ဆုံးဖြတ်ရမယ့်သဘောပါပဲ မက်ဆီ ထွက်ခွာမှု နေမာရဲ့ အနာဂတ်မရေမှုတွေ အကြား အမ်ဘာပေ ရဲ့ ချိန်သားကိုက် သတင်းတွေ ထွက်ပေါ် လာမှုက ပီအက်စ်ဂျီ ကို အတော်လေး အကြပ်ရိုက်စေမှာပါ ပီအက်စ်ဂျီမှာ အခွင့်ထူးတွေ ရရှိနေသည့်တိုင်အောင် ကစားသမားဘဝအောင်မြင် မှုအတွက် အသင်းက ထွက်ခွာဖြစ်မယ်ဆိုရင်တော့ အမ်ဘာပေကို ဘယ်အသင်းတွေ ခေါ် ယူမလဲစောင့်ကြည့်ရမှာ ပါ ဒါအပြင် ဘာပေ သာထွက်ခွာမယ်ဆိုရင် စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်လာနိုင်တာကြောင့် ပါဝင်ပါတ်သက်နိုင်မယ့် ကလပ်အသင်းကလည်းများများစားစားမရှိပါဘူး စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့ ပုံပြင်ပဲ ဖြစ်ပါတယ်။