လက်နက်/ခဲယမ်းပါရှိပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာပါက ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်

ဥပဒေဘောင်အတွင်းဝင်ရောက်လာပါက လိုအပ်သည့်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်နက်/ခဲယမ်းပါရှိလာသူများကို အောက်ပါအတိုင်း ဆုကြေးငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်…

(က) ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅၀) သိန်း၊

(ခ) ပစ္စတိုအုပ်စုဝင်သေနတ် (၁) လက်ပါရှိပါက ကျပ် (၂၀) သိန်း၊

(ဂ) ပြောင်းချောသေနတ် (၁) လက်ပါရှိပါက ကျပ် (၃၀) သိန်း၊

(ဃ) စိန်ပြောင်း၊ လောင်ချာ၊ အာဝီဂျီကဲ့သိုသော လက်နက်များ(၁)လက်ပါရှိပါက ကျပ် (၇၅)သိန်း၊

(င) လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် (၁) လက်ပါရှိပါက ကျပ် (၅) သိန်း၊

(စ) လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများပါရှိပါက ကျပ် (၃) သိန်း၊

(ဆ) လက်နက်/ခဲယမ်းမှအပအခြားအသုံးအဆောင်ပစ္စည်းများ (ဥပမာ- စကားပြောစက်) ပါရှိပါက ကျပ် (၂) သိန်း။

(ဇ) ဗုံးဖောက်ခွဲရေးအတွက် အသုံးပြုနိုင်သော Drone (၁) စင်းပါရှိပါက ကျပ် (၅၀) သိန်း။

၅။ သိုဖြစ်ပါ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ တပ်စခန်းများနှင့် ရဲစခန်းများသိုဆက်သွယ်သတင်းပို၍ ဝင်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။