မုန်းမြို့ တိုက်ပွဲဖြစ်စဉ်အကျဉ်း

ဒီဇင်ဘာ ၂ ရက်နေ့ ည၁၂ နာရီခန့်တွင် ခမရ(၅၉၀)နှင့် ခမရ(၅၉၉)အား KNLA အကြမ်းဖက်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်သည်(၄)ဦးနှင့် ရဲမေ(၁)ဦး ကျဆုံးခဲ့ရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ နံနက် (၁)နာရီခန့်တွင် ခမရ(၅၉၀) ကို အကြမ်းဖက်သမားများမှအင်အားအများအပြားသုံးကာဝင်လုံးခြင်း၊
Drop ဗုံးများနှင့်အဆက်မပြတ်တိုက်ခိုက်ခြင်းတို့ကြောင့် တပ်ရင်းဌာနချုပ်မှခေတ္တဆုတ်ခွာပေးခဲ့ရကာ ဆုတ်ခွာလာစဉ်အရာရှိ(၁)ဦး နှင့် ရဲမေ ၅ ဦး ကျဆုံးခဲ့ပြီး ရဲမေ (၆) ဦး အဆက်သွယ်ပြတ်သွားခဲ့ရပါတယ်။

နံနက်(၄)နာရီမှစတင်၍ ခမရ(၅၉၀)နှင့် သံတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့များကို တိုက်ခိုက်နေသည့်
အကြမ်းဖက်သမားများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သည့်အတွက် KNLA တပ်မဟာ ၃ ရင်း ၉ မှ ရင်းမှူးအဆင့်ရှိသူ အောင်ဇော်လင်းအပါအဝင် PDF အကြမ်းဖက်သမား ၄၅ ဦး သေဆုံးပြီး ၁၆၃ ဦး ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည့် အောင်ဇော်လင်းကို ၄ ရက်နေ့မှာ ၎င်းရဲ့ ဇာတိဖြစ်တဲ့ တောကြောင်ပေါက်ရွာမှာ ​ မြေမြုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခမရ(၅၉၉)ကို စစ်ကူလာတဲ့ တပ်အား အကြမ်းဖက်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သည် (၅)ဦးကျ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ကြားဖြတ်တိုက်ခိုက်တဲ့ အကြမ်းဖက်သမားများကို လေကြောင်းမှ ဗုံးကြဲ ရှင်းလင်းသည့်အတွက် KNLA+PDF ၅၉ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိသွားခဲ့ရာ သေဆုံးသူများမှာ ဗမာ PDF ၄၀ နီးပါးဖြစ်ကြောင်း သိရပါတယ်။

ညနေပိုင်းတွင် မုန်းသံတံတားအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်း ၃ လောင်းနှင့် သေနတ်(၃) လက်သိမ်းဆည်းရမိခဲ့ပြီး ၄ ရက်နေ့တိုက်ပွဲတွင် စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ ခမရ(၅၉၀) တပ်ရင်းအတွင်းထဲသို့ဝင်ရောက်လာသည့် အကြမ်းဖက်အဖွဲ့များကို စနိုက်ပါနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တို့ကြောင့် အကြမ်းဖက်သမား ၂၆ ဦး သေဆုံးပြီး ၇၂ ဦး ဒဏ်ရာရရှိကြောင်း သိရပြီး သေဆုံးအကြမ်းဖက်သမားအလောင်းများကိုပြန်မသယ်ဘဲ ဖြစ်သလိုမြေမြုပ်ထားခဲ့ပြီး မုန်းမြို့မှဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒီတိုက်ပွဲမှာ KNLA+PDF အကြမ်းဖက်အဖွဲ့မှ ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၁၃၀ ကျော်သေဆုံးပြီး ၂၁၁ ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် သေဆုံးမည့်သူများရှိထပ်မံရှိနိုင်ကြောင်းလည်း သိရှိရပါတယ်။

မိမိဘက်မှ အရာရှိစစ်သည် ၁၀ ဦးကျ၊ ၈ ဦး ဒဏ်ရာရ။ ရဲမေ ၆ ဦး ကျ၊ ၆ ဦးအဆက်သွယ်ပြတ်တောက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ ယနေ့တွင် မုန်းအနီးဝန်းကျင်တွင် တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိပြီး ဆုတ်ခွာသွားသော အကြမ်းဖက်သမားများကို လေကြောင်းမှ လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရပါတယ်။