အကြမ်းဖက်သူများနှင့် အကြမ်းဖက်အားပေးသူများအား ပြစ်ဒဏ်ချမှတ်

(၁) စစ်ကိုင်းမြို့ပိုးတန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခဲ့ခြင်း၊ Facebook အကောင့်ပေါ်တွင် PDF အကြမ်းဖက်အဖွဲ့များအား ထောက်ခံအားပေးသည့် စာသားများ ရေးသားဖြန့်ဝေခြင်းနှင့် အကြမ်းဖက် PDF အဖွဲ့များအား အပတ်စဉ် အလှူငွေများ ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မမေသူကြွယ်အား မေလ ၃၁ ရက်နေ့တွင် အကြမ်းဖက် ဥပဒေပုဒ်မ ၅၀(ည) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရှိရပါတယ်။ လေလှိုင်းထဲကပဲ ငါတို့က ကာယကံမြောက်အကြမ်းဖက်မှုကျူးလွန်တာမဟုတ်လို့ အပြစ်ပေးမခံရဘူးလို့ မထင်လိုက်နဲ့နော်.။