ကျိုက်ထိုမြို့နယ် ကျေးရွာဆေးပေးခန်းအား အကြမ်းဖက်သမားများမှ တိုက်ခိုက်

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၊ ကျေးလက်ဆေးပေးခန်းတွင် သားဖွားဆရာမ နှင့် အကူ ၁ ဉီး ဆေးခန်းဖွင့်နေစဉ် အကြမ်းဖက် KNLA တပ်မဟာ ၁ မှ Drone ဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ပါတယ်

ဗုံးသီး ၂ လုံးသည် ဆေးပေးခန်းဘေးကို ကျရောက်ပေါက်ကွဲခဲ့၍ လေကာမှန်နှင့် မီတာ box များ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။

စောတောနီးပြောသည့် ဂျီနီဗာကွန်ဗင်းရှင်း Rule များ ဘယ်ရောက်ကုန်ပြီလဲ.???
ဆရာမများရှိလျက် တိုက်ခိုက်ခြင်းသည် အကြမ်းဖက်ခြင်း မဟုတ်ပါလား.??

စစ်ဘက်ပစ်မှတ်မဟုတ်သလို အရပ်သားပြည်သူလူထုအတွက် ကျန်းမာရေးကာကွယ်စောင့်ရှောက်ပေးနေတဲ့အဖွဲ့ အဆောက်အဦကိုအကြမ်းဖက်အဖျက်လုပ်ငန်းလုပ်ကိုင်နေတဲ့ KNLA/PDFအဖွဲ့အား အပြင်းအထန်ရှုံ့ချပါတယ်

တပ်ကလုပ်တယ်ဆိုပြီး အမှားကို အမှန်ထင်အောင် ဖွကြပါဉီးမည်…
လက်ဉီးမှုရယူပြီး အချိန်မီ သတင်းပေးလိုက်ရပါသည်။