မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ စတိုးဆိုင် တစ်ခုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ သိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာအုပ်စု၊အုန်းချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးရှိ စတိုးဆိုင် တစ်ခုအရှေ့တွင် ယမန်နေ့ ညနေပိုင်းက လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်ဟု သိရပါသည်။

        ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာအုပ်စု၊အုန်းချောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးနှင့်မျက်နှာခင်းဆိုင် မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေးရှိ ”ဝင်း” စတိုးဆိုင်ရှေ့ရှိ အမှိုက်ပုံးအတွင်းလက်လုပ်မိုင်းကို အကြမ်း ဖက်အဖွဲ့က ထည့်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက် စီးမှု မရှိခဲ့ဟု ဆိုသည်။

     အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် ဝင်းစတိုးဆိုင်ပိုင်ရှင် ဦးရဲအောင်မှာ NLD အမာခံတစ်ဦးဖြစ်ပြီး ပုဒ်မ ၅၀၅ ဖြင့် အရေးယူခံထားရကာ ခံဝန်ဖြင့်လွတ်လာသူ တစ်ဦးဖြစ်သည်။ ယခု ဗုံးခွဲမှုသည် အကြမ်းဖက် PDF များက ၎င်းတို့အချင်း ချင်း သဘောကွဲလွဲခြင်း သို့မဟုတ် ထောက်ပံငွေ မပေးသွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ ရပ်ကွက်နေပြည်သူများထံမှ သိရပါသ ည်။

#PAN