နိုဝင်ဘာလ ၃၀ ရက်နေ့ မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၉ ရက် ၁၁၄၅ နာရီတွင် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်အား အကြမ်းဖက်အဖွဲ့မှ ဘုရားဆိပ်ကျေးရွာဘက်မှ Drone ၁ စီးဖြင့် ဗုံးသီး ၁ လုံး ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးမှာ ကားလမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင့်၊  ဖြစ်စဉ်ကြောင့် ဦးဝင်းညွန့်(၆၂)နှစ်၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်းမြို့နေသူတွင် ဝဲလက်ဖျံဆုတ်ပြဲဒဏ်ရာ၊ ဝဲနားထင်မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲဒူးမိုင်းစ ထိမှန်ဒဏ်ရာ၊ ဝဲရင်အုံမိုင်းစထိမှန် ဒဏ်ရာ၊ ဦးအောင်နု(၆၂)နှစ်၊ ဘိုးလှကြီးရပ်ကွက်၊ ဘီးလင်းမြို့ နေသူတွင် ဝဲပုခုံးပေါက်ပြဲဒဏ်ရာ၊ ရင်ညွှန့်မိုင်းစထိမှန်ဒဏ်ရာ၊ ပြည့်စုံအောင်(၁၉)နှစ်၊ ကန်သာယာ ရပ်ကွက်၊ ဘီးလင်းမြို့နေသူတွင် ဝဲပေါင်မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၉ ရက် ၀၉၃၀ နာရီတွင် ဒေါ်ခင်မျိုးသင်း(၄၉)နှစ်၊ ဒေါ်ဝင်းမာ(၄၆)နှစ် ၂ ဦးသည် မုံရွာမြို့၌ ဈေးဝယ်ရန်အတွက် ဦးတင်ဝင်း(၅၂)နှစ်၊ မောင်းနှင်သည့် Hijet အမျိုးအစား မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ၁၅၀၀ နာရီတွင် ပြန်လာခဲ့ရာ မုံရွာမြို့နယ်၊ မင်္ဂလာကုန်း ကျေးရွာလမ်းခွဲသို့ ၁၅၄၀ နာရီ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ တားဆီး၍ ဦးတင်ဝင်းအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ ဒေါ်ခင်မျိုးသင်းနှင့် ဒေါ်ဝင်းမာ တို့ ၂ ဦးအား Hijet အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မုံရွာမြို့နယ်၊ မင်္ဂလာကုန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၉ ရက် ၁၂၃၀ နာရီတွင် တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ဦးဖိုးအေး (၅၁)နှစ်၊ တောင်ယာလုပ်ကိုင်သူ၏ နေအိမ်သို့ PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်နေဗလ(၂၆)နှစ်၊ တောင်သူတွင် ဝဲဘက်နားထင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာမေးစေ့ကျည်ဖောက်ဝင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင်တို့တွင် ဖောက်ဝင်ဒဏ်ရာ ၂ ချက် (သေဆုံး)၊ ဦးဖိုးအေး၏ဇနီးဖြစ်သူ ဒေါ်ဇာခြည်လင်း(၄၈)နှစ်၊ တောင်သူတွင် ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရှိရ။

-၁၅၀၀ နာရီတွင်အမှတ်(၁၂)ရပ်ကွက်၊ ရွှေတွင်းကုန်းရပ်၊ ချောက်မြို့နေသူသည် ဦးသန့်ဇင်ဦး(၅၃)နှစ်၊ ချောက်မြို့မဈေးမှ စည်ပင်ရုံးသို့ ၎င်းပိုင်ဆိုင်သော CZI အမျိုးအစား ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အမှတ်(၉)ရပ်ကွက်၊ ကင်ပွန်းခြုံရပ်၊ ‘သန့်သန့်’လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ရှေ့ အရောက်တွင် အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးသန့်ဇင်ဦး တွင် ယာလည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၉ ရက် ၂၀၃၀ နာရီတွင် စေတုတ္တရာမြို့နယ်၊ ဖအိုင်းကျေးရွာအုပ်စု၊ ဖအိုင်းအနောက်ကျေးရွာသို့  PDF အကြမ်းဖက် အဖွဲ့မှ  လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဦးမောင်အံ့ ၏  နေအိမ်ခေါင်မိုးပေါ်သို့ ကျရောက်ခဲ့ရာ နေအိမ်အပေါ်ထပ်တွင် စာကျက်နေသော မဧကရီဖြူဖြူဝင်း(၁၆)နှစ်၊ ကျောင်းသူတွင် ဝဲပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရှိရ။