နိုဝင်ဘာ ၂၉ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ ကယားပြည်နယ် လွိုင်ကော်မြို့ အထက(၂)၊ ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သစ်တောဝန်းများသို့ KNPP/KNDF နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က အင်အား ၆၀ဦး၊ ၁၂၀ ဦး၊ ၃၀ ဦးခန့်တို့ဖြင့်လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားများထံမှ အမ်(၄) ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၂။ ရခိုင်ပြည်နယ် ပေါက်တောမြို့၊ တံတားထိပ်လမ်းဆုံနှင့် အထက စာသင်ကျောင်းများသို့ AA သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်စီဖြင့် နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ည ၁၀ နာရီခန့်တို့တွင် ၅ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၃။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်စခန်းနှင့် နှုံးဘူးစခန်းများသို့ AA သောင်းကျန်းသူများက ဒရုန်းများဖြင့် Drop Bomb များ ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ အရာရှိ၊ စစ်သည်များမှ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၄။စစ်ကိုင်းတိုင်းဒေသကြိး ထီးချိုင့်ဈေးအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် KIA+PDF ပူးပေါင်းအင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၅။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဇီးပင်သာ ပြည်သူ့စစ်စခန်းသို့ PDF ၁၀၀ ဦးခန့်ကလည်းကောင်း၊ ၂၀၀ ဦးခန့်က လည်းကောင်း ဒရုန်းဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၆။ ချင်းပြည်နယ် မတူပီမြို့၊ ရေဇွာစခန်းသို့ နံနက် ၇ နာရီခန့်တွင် နေရာ ၂ နေရာမှ PDF ၁၂၀ ဦးခန့်က ဒရုန်း ၅ စီးဖြင့် Bomb ၂၅ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၇။ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ထွေ/အုပ်ရုံး၊ မြို့မရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာများသို့ နံနက် ၅ နာရီမှ ၁၂ နာရီထိ နေရာ ၃ နေရာမှ PDF ၁၉၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် PDF များ အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရ။