Drop ဗုံးချတိုက်ခိုက်မှုနဲ့ ပက်သက်လို့Mizzima ကရေးတဲ့ သတင်းမှား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့ မှ ပေါက်မြို့ ဘက်သို့လာသည့် စစ်တပ်ယာဉ် တစ်စီးနှင့် ကင်းပုန်းဝပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် အီနာဂါဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ ဘက်တွင်ထိခိုက်မှုများရှိကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၅ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် တပ်မတော်ယာဉ် တစ်စီးနှင့် ကင်းပုန်းဝပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိတဲ့နေရာကိုခန့်မှန်းပြီး PDF များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzuma မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF များမှ ထင်ရာကားထင်ရာနေရာကို ရမ်းသမ်းပြီး ဒရုန်းဗုံးသီးချတိုက်ခိုက်တာကို လုံခြုံရေးတပ်ဖွဲ့ဝင်ရှိတဲ့နေရာ ထိခိုက်မှုများရှိနိုင်တယ်လို့ PDF ဂုဏ်ဖော်ကာ ရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK