လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ သြဂုတ်လ ၇ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးတယ်ဆိုပြီး လူအထင်ကြီးအောင် စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။