ရွှေကူမှာ စစ်တပ်နဲ့ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့ သတင်းအမှား

စက်တင်ဘာလ ၁ ရက် နံနက် အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်က ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော တပ်မ ၈၈ လက်အောက်ခံတပ် ခလရ ၇၇ အထိုင်တပ်စခန်းနှင့်ရဲစခန်းကို မြိုလှ K-PDF တပ်ရင်း မှ အလစ်အငိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်မတော်သား ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရွှေကူရဲစခန်းအား Drone ဗုံးချသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးသည့်အပြင် ပုံကြီးချဲ့အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်သေတာကောဒဏ်ရာရတာကော ရှိတယ်လို့ လိမ်ညာရေးသားထားသလို Ayeyarwaddy ကဆို အရှင်ပါဖမ်းမိတယ်ဆိုပြီးစိတ်ကူးပုံဖော်ရေးသားထားတာကိုတွေ့ရပါတယ်။