ငဖဲမှာ မိုင်းဆွဲခံရ၍ တပ်မတော်သား ၃၀ ခန့် သေဆုံးဆိုတဲ့ သတင်းအမှား

မတ်လ ၂၄ ရက်နေ့၌ ငဖဲမြို့နယ်၊ မထုံးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်မတော်စစ်ကြောင်းအား PDF အကြမ်းဖက်အဖွဲ့က ချောင်းမြောင်းကာ မိုင်း ၁၀ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသာ ကျဆုံးခဲ့သော်လည်း Khit Thit Media မှ လူအထင်ကြီးအောင် ပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။