ရေဦးတိုက်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအများအပြားသေဆုံးတယ်လို့ Khit Thit က သတင်းအမှားရေး

နိုဝင်ဘာလ ၂၄ ရက်နေ့၌ ရေဦးမြို့နယ်၊ အောင်သာယာရွာတွင် လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာတွင် ရွာသား ၂ ဦး သေဆုံး၊ အရပ်သား ၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ တိုက်ပွဲဖြစ်၍ ရွာသားများ ထွက်ပြေးကြရသဖြင့် PDF တွေက ရွာသားများအား အနိုင်ကျင့်ဖမ်းဆီးသွားခြင်းသာဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ PDF တွေရဲ့ မဆင်မခြင်ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၂ ဦးသေဆုံးတာကို Khit Thit မှ အမှန်မရေးဘဲ အများပြည်သူများအထင်အမြင်မှားအောင် တစ်ဖက်သတ်အမြတ်ထုတ်ကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။