မနက်ဖန်လပြည့်ပြီဆိုတော့ မယ်ဇလီဖူးသုပ်စားရအောင်

တန်ဆောင်မုန်းလပြည့်ညရဲ့ ဆေးပေါင်းခတဲ့မယ်ဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်နေ့မှာ မယ်ဇလီဖူးသုပ်စားခြင်းက မြန်မာ့ရိုးရာအရ ဆေးဖက်ဝင် တယ်ဆိုပြီး ကြားဖူးကြမှာပါ။ တန်ဆောင်မုန်းလပြည့်နေ့ည (၁၂)နာရီတိတိအချိန်ကို
ဆေး ပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံးအချိန်လို့ သတ်မှတ်ပြီး တိုင်းရင်းဆေးဆရာ များက ဆေးဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။ မယ်ဇလီဖူးကို စားသုံးခဲ့သော်
(၉၆)ပါး သော ရောဂါတွေ ကင်းရှင်းပြီး ဘုန်းကြီးအသက်ရှည်နိုင်တယ်လို့ “သာရကောမုဒိ” ဆေး ကျမ်းက ပြဆိုထားပါတယ်။
မယ်ဇလီဖူး သုပ်ဖို့ လိုအပ်တာတွေကတော့ …
မယ်ဇလီဖူးကို ခူးပြီး သန့်စင်အောင် ရေနဲ့ဆေးကြောပေးပါ။ အခါးပျောက်စေဖို့အတွက် ပထမတစ်ရည် ပွက်ပွက်ဆူလာရင် အဲ့ဒီရေတွေကို သွန်ပစ် ပြီးတော့မှ နောက်တစ်ရေ
ထပ်ထည့်ပြီးပြုတ်ပေးပါ။ သုံးကြိမ်မြောက်ရေလဲပြီးတဲ့အခါ ရေ ငှဲ့ပစ်ပြီး မယ်ဇလီဖူးတွေကို ဇကာနဲ့ရေစစ်ပေးထားပါ။ မယ်ဇလီဖူးလေးတွေကိုလည်း ငရုတ်ဆုံထဲထည့်ပြီး
ကြေသွား အောင် နည်းနည်းထောင်းလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးပါ။ ကြက်သွန်ဖြူ ကို နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ မြေပဲကို မညက်တညက်လေးတွေ
ဖြစ်အောင် ထောင်းပေးပါ။ ဇလုံတစ်လုံးထဲမှာ မယ်ဇလီ ဖူး၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ မြေပဲ၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက် တို့ကိုထည့်ပြီး
သမအောင်ရောနယ် ပေးပါ။ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးစိမ်း ပါးပါးလှီးထည့်ပြီး သံပုရာရည်ညှစ်ထည့် လိုက်မယ်ဆိုရင်တော့ အရသာလဲရှိ၊ ဆေးပေါင်းလဲခတဲ့ မယ်ဇလီဖူးသုပ်လေးရပါပြီရှင်။