စိတ်ကောင်းနဲ့ ရှေ့ဆက်ပါ

ကိုယ့်ရဲ့လက်ရှိဘ၀မှာ
စိတ်မညီတဲ့သူတွေကို ထားခဲ့ပြီးတော့
စိတ်ညီသူတွေနဲ့ပဲ ရှေ့ဆက်ပါ ။

မေတ္တာမွဲသူတွေကို ကျောခိုင်းပြီး
မေတ္တာမြဲသူတွေနဲ့ လက်တွဲပါ ။

ဂရုမစိုက်တဲ့သူတွေကိုစွန့်ပြီး
ဂရုစိုက်တဲ့ပတ်၀န်းကျင်မှာရှင်သန်ပါ ။

လူ့ဘ၀တိုတိုလေးမှာ
မရှိသင့်တဲ့သူတွေနဲ့အချိန်မကုန်ပါနဲ့
ရှိသင့်သူတွေနဲပဲ ခရီးဆက်ပါ ။

မလုပ်သင့်တာတွေကိုဖယ်ပစ်ပြီး
လုပ်သင့်တာတွေနဲ့ ချီတက်ပါ ။

အများစကားလုံးတွေရဲ့အောက်မှာ
ခံစားပြီးတော့ မနစ်သွားပါစေနဲ့
ကိုယ့်လမ်းကိုယ်ပဲ မှန်မှန်လျှောက်ပါ ။

မိတ်ကောင်းတွေကို တန်ဖိုးထားပြီး
စိတ်ကောင်းလေးတွေနဲ့လည်း
ကိုယ့်ဘ၀ကို ခြယ်သ လို့ နေပေးပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏