စိတ်ကလေးကောင်းနေဖို့ လိုတယ်

ရတာမလို လိုတာမရတဲ့
ဘဝထဲမှာ
ဒီဟာ မကောင်းဘူး ,
ဟိုဟာနဲ့ မတည့်ဘူး ဆိုရင်
ကိုယ်တည့်ရမှာ ကောင်းရမှာက ဘာလဲ ?
တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်လေ ••

ခန္ဓာကိုယ်မှာလဲ
အကုန် ကောင်းသူရယ်လို့ မရှိပါဘူး ••

ခေါင်း၊ ခါး၊ ခြေ၊ လက် အတွင်းကလီဇာ
အရိုး၊ အကြော၊ အရွတ် စသည်ဖြင့်ပေါ့နော်
မကောင်းချင်နေ ••

ဘာကောင်းရမှာလဲ ?
စိတ်ကလေး ကောင်းနေရမယ် ••

ဒီစိတ်ကလေး ကောင်းနေအောင်
ဘုရားအပေါ်မှာ ယုံကြည်တဲ့
သဒ္ဓါတရားလေး ကောင်းနေဖိုလိုပါတယ် ••

ကျန်တာတွေက ပစ်ထားခဲ့ရမှာနော်
ကောင်းလည်းပစ်၊ မကောင်းလည်းပစ်ပေါ့ ••

ခန္ဓာကိုယ်ကြီး ဆိုတာ
ငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားတဲ့သူက ကောင်းတုန်းပစ်ပေါ့ ••

အသက်ကြီးပြီးသေတဲ့သူက
မကောင်းပစ်ပေါ့ ••

ကိုယ်သိထားရမှာက
အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ဆိုတာ
ကိုယ့်ရဲ့ စိတ်ဓာတ်ပဲ ••

မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေနဲ့
ထုံမွှန်းပြီးနေတဲ့ စိတ်ဟာ
ဘယ်တော့မှ အောက်ကို
မရောက်ပါဘူး •• 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး