🛑🛑 အာရုံကြောအားနည်းလာလျှင် ဘယ်လိုလက္ခဏာတွေခံစားရမလဲ ? 🛑🛑

ထုံ/ကျဉ် တာတွေ ဖြစ်လာမယ်။ ခြေဖျားလက်ဖျားတွေကနေ စထုံကျဉ်လာတတ်ပြီး တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းတွေကိုပါ ပြန့်လာတတ်တယ်။-အပ်နဲ့ ထိုးသလို မီးစလေး ထိသလို စူးခနဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။ တဆစ်ဆစ်နဲ့ မခံနိုင်အောင် ကိုက်နေတာမျိုးဖြစ်တတ်ပါတယ်။

– ပုံမှန်ထက်ပိုပြီးနာကျင်တာမျိုးဖြစ်တတ်သလို နည်းနည်းထိပေမဲ့ များများသိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

– တည်တည်ငြိမ်ငြိမ် မလှုပ်ရှားနိုင်ဘဲ ယိုင်ထိုးနေတာမျိုး မကြာခဏ ပြုတ်ကျလွယ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

– ခြေထောက်တွေ ထုံပြီး နာကျင်မှုကို သိပ်မသိတာကြောင့် ခလုပ်တိုက်၊ ဆူးစူး စတဲ့ အနာသေးသေးလေးတွေကို သတိမထားမိဘဲ ဖြစ်နေတတ်တယ်။
အထူးသဖြင့် ဆီးချိုရောဂါကြောင့် အာရုံကြောတွေထိခိုက်တဲ့အခါ အနာမကျက်လို ခြေထောက်ဖြတ်ရတဲ့ အထိ အန္တရာယ်ကြီးတတ်ပါတယ်။

– နာကျင်မှုကို မခံစားရတဲ့ အတွက် နှလုံးသွေးကြောပိတ်တဲ့ အခြေအနေမျိုးမှာတောင် ရင်ဘတ်ထူူးထူးခြားခြား မအောင့်ဘဲ အသက်အန္တရာယ်ဖြစ်ရတာမျိုးတွေလည်း ရှိပါတယ်။

– သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်တတ်ပြီး မကြာခဏ ခေါင်းမူး ခေါင်းမကြည်တာ ဖြစ်တတ်ပါတယ်။

– အပူဒဏ်မခံနိုင်တာ..ချွေးအရမ်းထွက်တာ ဖြစ်တတ်သလို ချွေးလုံးဝမထွက်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

– ဆီးဝမ်းမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပြီး အစာကြေဖိုမလွယ်တာ ဝမ်းချုပ်တာစတဲ့ ပြဿနာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။