အသီးအနှံစားသုံးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ

သင့်ကျန်းမာရေးအတွက် မဖြစ်မနေ စားသုံးသင့်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်များ အသီးအရွက်များများစားပေးခြင်းက လူကို ပိုကျန်းမာစေပြီး

အနာရောဂါကင်းစေတယ်ဆိုတာ အကြမ်းဖျင်း သိထားပြီးသား ဖြစ်ကြမှာပါ။ ဒီနေ့မှာတော့ အသီးအရွက်တွေ နေ့စဉ်စားပေးခြင်းက ဘယ်လိုရောဂါတွေမဖြစ်အောင်

ကာကွယ်ပေးလဲ ဆိုတာကို အနည်းငယ် တင်ဆက်ပေးလိုက်ပါတယ်။

(၁) အူမကြီးကင်ဆာ အစိမ်းရောင်အသီးအရွက်တွေလောက် အမျှင်ဓာတ်ပြည့်၀တဲ့အစားအစာ မရှိပါဘူး ။

အကယ်၍ ကိုယ့်မိသားစုက အူမကြီးကင်ဆာမျိုးရိုးရှိတယ်ဆိုရင် အသီးအရွက်တွေကို ပိုပြီးတော့ ဂရုတစိုက်စားပေးသင့်ပါတယ်။ အူလမ်း‌ကြောင်းတစ်လျှောက်

အမျှင်ဓာတ်(fibre) တွေရှိနေခြင်းကြောင့် ၀မ်းမှန်စေပြီး လိပ်ခေါင်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။

(၂) ဗိုက်၀စေတယ် ဝိတ်ချချင်တဲ့အခါ အသီးအရွက်တွေဘာလို့များများစားရတာလဲ သိချင်ကြမှာပေါ့နော်။ အသီးအရွက်တွေမှာ ပါ၀င်တဲ့ အမျှင်ဓာတ်နဲ့

complex carbohydrates တွေက သွေးတွင်းသကြားဓာတ်ကို ထိန်းထားပေးပြီး လွယ်လွယ်နဲ့ ဗိုက်မဆာလာအောင် လုပ်ပေးပါတယ်။

နောက်ပြီး အသီးအရွက်တွေက အသားငါးတွေထက် ‌အစာကြေဖို့ အချိန်ပိုကြာတဲ့အတွက် အသီးအရွက်နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်သွားပြီး

အစားထပ်မစားချင်တော့အောင်လုပ်ပေးလိုက်တာပါ။

ဒါကြောင့် ကျန်းမာတဲ့ နည်းနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့သူတွေက အစာကိုနည်းနည်းနဲ့ ခဏခဏစားပြီး

အသီးအရွက်များများပါ၀င်အောင် စားသုံးပေးသင့်ပါတယ်။(၃) စိတ်ကိုပျော်ရွှင်စေတယ် အသီးအရွက်စားတာ ဘယ်လိုလုပ် လူကို ပျော်ရွှင်စေမှာလဲလို့

တွေးနေကြပြီလား?စိတ်ကျန်းမာရေး သုသေသန ပညာရှင်တွေက အစားအသောက်စားတဲ့အခါ အဆီအနှစ်တွေ၊ ပြုပြင်ထားတဲ့အသားတွေ၊ ကြာရှည်ခံအစားအစာတွေ၊

ကာဗိုဟိုက်ဒြိတ် (ဥပမာ အာလူး၊ပေါင်မုန့်၊ထမင်း) ချည်း စားတဲ့အခါ စိတ်ကျရောဂါ ပိုဖြစ်နိုင်တယ်လို့ ရှာဖွေ တွေ့ရှိထားပါတယ်။

အသီးအရွက်စားပေးခြင်းက ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်တဲ့ ‌စွမ်းအင်ကို မြှင့်တင်ပေးပြီး တစ်နေကုန် မှုန်မှိုင်းပြီး moody မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

(၄) နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေဖြတ် ရောဂါ နဲ့ကင်ဆာအမျိုးမျိုးအသီးအရွက်တွေမှာ ဗီတာမင်မျိုးစုံ၊ သတ္တုဓာတ် ၊ သဘာ၀ဇင့်ဓာတ်၊ နုပျိုလှပစေတဲ့ Antioxidant ၊ Folic acid အပြင်

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ ပိုတက်ဆီယမ်ဓာတ် လည်း ပါပါသေးတယ်။ ကိုယ်ခန္ဓာထဲမှာ Antioxidant‌တွေက ကင်ဆာဆဲလ်အဖြစ် အသွင်ပြောင်းတော့မယ့်

မူမမုန်တဲ့ဆဲလ် တွေကို သတ်ပေးနိုင်တဲ့အပြင် Fibre အမျှင်ဓာတ်က သွေးထဲမှာရှိတဲ့ မကောင်းတဲ့ cholestrol တွေကိုလျှော့ချပေးပြီး ရုတ်တရက် နှလုံးသွေးကြောပိတ်၊

လေဖြန်းခြင်းက ကာကွယ်ပေးပါတယ်။

အသီးအရွက်ပုံမှန်စားသုံးပေးခြင်းကြောင့်-နှလုံးခုန်မမှန်တာကို ထိန်းပေးခြင်း-သွေးတွင်း အဆီဓာတ်၊ သကြားဓာတ်ကို လျော့နည်းစေခြင်းဖြင့်

သွေးတိုး၊ ဆီးချိုကို ထိန်းပေးခြင်း- ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေပြီး အသားအရည်ကို ကြည်လင်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုပါ ခံစားရရှိမှာဖြစ်ပါတယ်။

Crd: google news