ရေတာရှည်မြို့နယ်တွင် PDF အကြမ်းဖက်နှင့် ဆက်စပ်သူ ၄ ဦးဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနီးရှိ မြစ်ဆိပ်တံတား၌ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ည ၁၁ နာရီခွဲအချိန်ခန့်တွင် PDF အကြမ်းဖက်များနှင့် ဆက်စပ်သူ အမျိုးသား ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသခံ သတင်းအရင်းမြစ်ထံမှ သိရသည်။

ကနဦးစစ်ဆေးမှုအရ ၎င်းတို့သည် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း၌ PDF အကြမ်းဖက်များနှင့် အကြမ်းဖက်မှုပြုလုပ်ရန် အစည်းအဝေးပြုလုပ်ပြီး ပြန်လာသူများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းအတွင်းမှလည်း အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ဆွာမြို့နေ ကိုလေး ဆိုသူအပါအဝင် ၄ ဦးတို့ကို အရေးယူနိုင်ရေးအတွက် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

zawgyi

ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ၾကာအင္းကုန္းေက်း႐ြာအုပ္စု၊ ငွက္ေပ်ာေတာေက်း႐ြာအနီးရွိ ျမစ္ဆိပ္တံတား၌ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၄ ရက္) ည ၁၁ နာရီခြဲအခ်ိန္ခန္႔တြင္ PDF အၾကမ္းဖက္မ်ားႏွင့္ ဆက္စပ္သူ အမ်ိဳးသား ၄ ဦးကို လုံၿခဳံေရးတပ္ဖြဲ႕မွ ဖမ္းဆီးရရွိခဲ့သည္ဟု ေဒသခံ သတင္းအရင္းျမစ္ထံမွ သိရသည္။

ကနဦးစစ္ေဆးမႈအရ ၎တို႔သည္ စစ္ေတာင္းျမစ္ အေရွ႕ဘက္ျခမ္း၌ PDF အၾကမ္းဖက္မ်ားႏွင့္ အၾကမ္းဖက္မႈျပဳလုပ္ရန္ အစည္းအေဝးျပဳလုပ္ၿပီး ျပန္လာသူမ်ားျဖစ္ေၾကာင္း သိရွိရၿပီး ၎တို႔၏ လက္ကိုင္ဖုန္းအတြင္းမွလည္း အစည္းအေဝးမွတ္တမ္းဓာတ္ပုံမ်ား သိမ္းဆည္းရရွိခဲ့သည္ဟုဆိုသည္။

လက္ရွိတြင္ ဖမ္းဆီးရမိထားသည့္ ဆြာၿမိဳ႕ေန ကိုေလး ဆိုသူအပါအဝင္ ၄ ဦးတို႔ကို အေရးယူႏိုင္ေရးအတြက္ လိုအပ္သည့္စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။