မင်းပြားက တိုက်ပွဲရှောင် ၂၃၀၀ ကျော်တို နေရပ်သို ပြန်ကြလေပြီ

တိုက်ပွဲတွေမရှိတော့လို တည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက တိုက်ပွဲရှောင်စခန်းတွေမှာ ယာယီနေထိုင်လျှက်ရှိကြတဲ့ အိမ်ထောင်စု ၅၈၈ စု၊ လူဦးရေ ကျား ၁၀၀၈ ဦး၊ မ ၁၃၃၅ ဦး၊ ပေါင်း ၂၃၄၃ ဦးတိုဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မိမိတိုရဲ့ နေရပ်ဒေသအသီးသီးကို ပြန်ကြပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နေရပ်ပြန် ပြည်သူတွေကို ပြည်နယ်အစိုးရက အိမ်ထောင်စုတစ်စုလျှင် ၅၀၀၀၀၀ ကျပ်နှုန်းနဲ့ ၂၉၄၀၀၀၀၀၀ ကျပ်၊ လူဦးရေ ၂၃၄၃ ဦးတိုအတွက် လူတစ်ဦးကို ၁ ရက် ဆန် ၂ ဗူး နှုန်း ( တစ်ဗူးလျှင် ၁၅၀ ကျပ်နှုန်း၊ တစ်လ ၉၀၀၀ ကျပ်နှုန်း)နဲ့ စုစုပေါင်း ၂၁၀၈၇၀၀၀ ကျပ် ) ထောက်ပံ့ပေးအပ်ခဲ့တယ်လို ဆိုပါတယ်။

နေရပ်ပြန်ကြတဲ့ ပြည်သူတွေကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာများက လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။