ဇူလိုင်လ ၄ ရက်နေ့ မှုခင်းသတင်းများ

-ဇူလိုင်လ ၃ ရက်နေ့ ၁၆၂၀ နာရီချိန်တွင် သရက်ချောင်းမြို့နယ်၊ ကဇိတံတာဦးကျေးရွာတွင်နေထိုင်သော ဦးညိုစိုး(၅၁) နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်သမား(၄) ဦးမှ ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၃ ရက်နေ့ ၀၆၂၅ နာရီချိန်တွင် မြောင်မြို့နယ်၊ မောက်ရပ်ကွက်၊ မြို့မဈေးအရှေ့ဘက်ရပ်ကွက်တွင်နေထိုင်သော ကျော်ဇင်အောင် (၃၀) နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးရောက်ရှိလာပြီး ကျော်ဇင်အောင်အား မြောင်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂ ရက်နေ့ ၂၁၃၀ နာရီချိန်တွင် ဆားလင်းကြီးမြို့၏အရှေ့တောင်ဘက်၊ ၆ မိုင်ခန့်အကွာ ဆားခါးကျေးရွာသို့ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာအတွင်းနေထိုင်သည့် အမှတ်(၆)ချည်မျှင်နှင့်အထည်စက်ရုံ(ဆားလင်းကြီး) မှ အလုပ်သမားများ ဖြစ်ကြသည့် ဒေါ်ဇာဇာစိုးဝင်း(၄၀) နှစ်၊ ဒေါ်သလ္လာဝင်း(၃၅) နှစ်၊ ဒေါ်မော်(၃၂) နှစ်၊ ဒေါ်မိုးမြင်မြင့်သူ(၃၄) နှစ်၊ ဒေါ်ခိုင်ယဉ်မွန်(၃၅)နှစ်၊ ဒေါ်ယဉ်ခိုင်(၃၀) နှစ်၊ ဒေါ်ချစ်ချစ်ဝင်း(၃၅) နှစ်၊ ဒေါ်သန္တဝင်း(၃၃) နှစ်နှင့်တောင်သူ လုပ်ကိုင်သူ ဒေါ်ဆန်းလွင်(၄၀) နှစ်တို့ အားခွန်သာကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၃ ရက်နေ့ ၁၇၁၀ နာရီချိန်တွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နေထိုင်သောဒေါ်ဇင်ဇင်းဝင်း (၄၄) နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၄ ဦးမှ ရောက်ရှိလာပြီး ဒေါ်ဇင်ဇင်ဝင်း ပိုင်ဆိုင်သည့် AD-VAN (အဖြူရောင်)ယာဉ်နှင့်အတူ အမြင့်လမ်းဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၂ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာတွင်နေထိုင်သော ကိုအောင်ကို(၂၇) နှစ်၊ ဇနီးဖြစ်သူ မယဉ်နွယ်ဦး၊ လိတ္တူကျေး၇ွာနေ ဦးနေမျိုးထွန်း (၃၈) နှစ်၊ ဦးတင်ဝင်း(၄၈) နှစ်တို့သည် ၎င်းတို့ပိုင်ဆိုင်သော လယ်ကွင်းများသို့ အလုပ်လုပ်ကိုင်ရန်သွားရောက်စဉ် ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရ။

-ဇူလိုင်လ ၃ ရက်နေ့ ၀၉၁၀ နာရီချိန်တွင် ရွာငံမြို့နယ်၊ ကညို့ကျေးရွာတွင် နေထိုင်သော မလဲ့လဲ့ဝင်း(ခ) ဘိုမ (၃၅) နှစ်သည် ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာမှ ဈေးဝယ်ပြီး ပြန်လာစဉ် ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေး၇ွာအနီး ရွာငံ-ဟန်မြင့်မိုရ်သွား ကားလမ်းအရောက်၌ PDF အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် လိုက်ပါလာပြီး ပစ္စတိုဖြင့် ၄ ချက်ခန့် ပစ်ခတ်ထွက်ပြေးခဲ့ရာ မလဲ့လဲ့ဝင်း(ခ) ဘိုမ သည် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၃ ရက်နေ့ ၁၀၃၀ နာရီချိန်တွင် ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာနှင့် ညောင်ကန်ကျေးရွာ ဆက်သွယ်ရေးလမ်း၊ ညောင်ကန်အနီးတွင် လယ်ကွင်းအတွင်း၌ ကျေးရွာသူ/သားများသည်စပါးရိတ်သိမ်းနေစဉ် အကြမ်းဖက်သမား PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံပေါက်ကွဲခဲ့ပြီး ဦးနွေဦး (၃၈) နှစ်တွင် ယာလက်မောင်း၊ လည်ပင်းမိုင်းစထိမှန်(စိုးရိမ်ရ) နှင့် ဦးတင်နု(၅၀) နှစ်တွင် နောက်ကျော၊ ဝဲ/ယာတင်ပါး မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၃ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သော ဦးထွန်းနိုင်(ခ) ထွန်နိုင်ဦး(၄၀) နှစ် နှင့် သားဖြစ်သူ မျိုးသိန်း(၁၁) နှစ်တို့သည် ရွာအရှေ့ဘက် ၁ ဖာလုံအကွာ လယ်တော၌ ဟင်းရွက်ခူးနေစဉ် အကြမ်းဖက် PDF များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးထွန်းနိုင်(ခ)ထွန်းနိုင်ဦးတွင် ယာဒူး၊ ယာခြေသလုံး၊ ဝဲပေါင်၊ ဝဲဒူး၊ မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) မျိုးသိန်းတွင် ယာနားထင် ဖူးယောင်၊ ရင်ဘတ် မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဘိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။