လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်တပ် ခလရ -၂၇၂ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းစစ်ကြောင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရစစ်တပ်မှအရာရှိကြီးတစ်ဦးကို Mi 17 ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၂၈ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ကော်ကမ်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၃ လောင်း၊ လက်လုပ်သေနတ် ၆ လက်၊ ၁၁၂ ဗို့ကျည် ၁၄ တောင့်နှင့် မိုင်း ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ PDF များ မြေပြင်မှာ အသေအပျောက်များနေသောကြောင့် လူကြားကောင်းအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့် ထိခိုက်သေဆုံးတယ်ဆိုပြီး အရှက်ပြေလိမ်ညာရေးသားထားခြင်းပဲဖြစ်ပါတယ်။

Misinformation

FACT-CHECK

https://t.me/factcheckmm