Khit Thit မှာဖော်ပြတဲ့ မော်လိုက်သတင်းအမှား

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် ခမရ- ၃၆၅၊ ခမရ-၃၆၆၊ ရဲနှင့် ပျူစောထီး ၅၀ ခန့်ပါ စစ်ကြောင်းသည် မော်လိုက်မြို့နယ် တောင်းအင်ရွာအနီး တပ်စွဲထားသောစခန်းကုန်းကို အင်အား ၈၀ ဖြင့် ဝင်ရောက်တိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးတယ်လို့လူမှုကွန်ရက်ပေါ်တွင်တွေ့ရှိခဲ့ရပါတယ်။

ဒီသတင်းအား စိစစ်ရာတွင် >>> ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရကာ လက်နက် (၇) လက် ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရသိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit Media မှကိုအပုတ်ချကာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးတယ်လို့ သတင်းအမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်း ဖြစ်ပါသည်။

False-News