စံထားထိုက်သူ ၂ ဦး

၇၉ နှစ်မြောက် တပ်မတော်နေ့ မှာ ထူးထူးခြားခြား
ပြောစရာလေး ၂ ခု သတိထားမိသဗျ။
ပထမ တစ်ခုကတော့ အသက် ၁၀၂ နှစ်ရှိတဲ့
မော်ကွန်းဝင် အဘ ဦးမောင်မောင်က ဂျပန်တော်လှန်ရေး
အတွေ့အကြုံတွေကို လက်သီးလက်မောင်းတန်းပီး
ပြောပြနေတဲ့ မြင်ကွင်းနဲ့..
နောက်တစ်ခုကတော့ တပ်မတော်နေ့ စစ်ရေးပြ
စစ်ကြောင်းတွေနဲ့ အတူ ဝတ်စုံပြည့်နဲ့ အတူလျှောက်တဲ့
၆ နှစ်လောက်ကလေး တစ်ယောက်ပါပဲ။
သာမန်အားဖြင့် ၁၀၂ နှစ်ထိ အသက်ရှည်ဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး
အသက်ရှည်ဦးတော့ ခုလို ပွဲလမ်းတွေ တက်ဖို့ ခက်ခဲပါလိမ့်မယ်
ပွဲလမ်းတွေ သာမန်တက်နိုင်စေဦးတော့ ဦးမောင်မောင်လို
တော်လှန်ရေးအကြောင်း လက်သီးလက်မောင်းတန်းပီး
လူရွယ်တစ်ယောက်လို ပြောနိုင်ဖို့ ပိုပီး ခက်သွားပါပြီ.။
သူက ဘာကြောင့် ပြောပြချင်ရပါသလဲ?
နိုင်ငံလွတ်လပ်ရေးအတွက် သူငယ်စဉ်က ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာကို မျိုးဆက်သစ်တွေကို အတွေ့အကြုံ အမွေပေးရင်း နိုင်ငံကို ကာကွယ်ဖို့ တိုက်တွန်းချင်လွန်းလို့ပါ.။
သတိမချွတ်ယွင်းသေးတဲ့ အဘဦးမောင်မောင်လည်း လက်ရှိနိုင်ငံရဲ့ အခြေအနေကို အားလုံးမဟုတ်တောင် ထိုက်သင့်သလောက်တော့ သိနေမှာပါ ဒီတော့ သူလည်း
စိတ်ပူရှာပါလိမ့်မယ်.။ သူတို့တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး မဆုံးရှူံးရလေအောင် မျိုးဆက်သစ်တွေ ကာကွယ်ကြဖို့ ဦးမောင်မောင် ကိုယ်စား ပြောချင်ပါသဗျ။
စစ်ရေးပြလျှောက်တဲ့ ၆ နှစ်သားလေးကတော့ အဘ ဦးမောင်မောင်ကို သိရှာမှာ မဟုတ်ပါဘူး
ဒါပေမယ့် သူ့ မိဘ နှစ်ပါးက သူ့သားလေးကို ဒီလိုပုံစံ ဖြစ်အောင် လေ့ကျင့်ပေးခဲ့တာက ကျန်သူတွေ နမူနာယူစရာသိပ်ကောင်းပါတယ်.။
မိမိအနေနဲ့ ကလေးကို ချစ်ပါတယ် ချီးကြူးပါတယ်.။
သူ့မိဘတွေကိုတော့ လေးစားပါတယ် အခြားအဆင့်ပင်ဖြစ်လင့်ကစား ကလေးရဲ့ ဝါသနာကို အကုန်အကျခံ ဖြည့်ဆည်း မြေတောင်မြှောက်ပေးရင်း စစ်တပ်ထဲ မဝင်ချင်သူတွေ ရှက်တတ်လာအောင် ဝင်ချင်သူတွေကိုလည်းအမြန်ဝင်ချင်လာအောင် လုပ်ပြသွားတာပါပဲ.။
ဒါကြောင့် အဘဦးမောင်မောင်လို အသက် ၁၀၀ ကျော်တာတောင် အောင်လံမလှဲတဲ့ စိတ်ဓာတ်
စစ်ရေးပြလျှောက်တဲ့ ၆ နှစ်သားလေးလို အရွယ်မရောက်သေးတဲ့ ကလေးဖြစ်နေတာတောင်မှ စစ်စိတ်စစ်သွေးတွေ ပြည့်နေတဲ့ပုံစံ အဲဒါတွေကို ပြည်သူတွေအများစု သိမြင်လာရင် နိုင်ငံအနာဂါတ်ကို စိတ်အေးရပါပြီ ခင်ဗျာ။ #Crd