မတ္တရာက PDF အချင်းချင်းသတ်ဖြတ်မှု

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှာ ရှိတဲ့ PDF တွေအနေဖြင့် Local PDF နဲ့ NUG လက်အောက်ခံ(ပကဖ) အဖွဲ့ (၂) ဖွဲ့ရှိပြီး (ပကဖ)အဖွဲ့ရှိ PDF များက Local PDF များကို NUG လက်အောက်ခံမဟုတ်ဟု ဆိုကာ (ဇာတ်တူသားစား) ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်နေပြီး လက်နက်များဖျက်သိမ်းဖို့ကိုပါ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ PDF တွေကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့ PDF များကိုလည်း ၎င်းတို့ကိုထောက်ပံ့ပေးနိုင်ခြင်းနည်းပါးလာလျှင် (သို့မဟုတ်) ထောက်ပံ့မှုမပေးနိုင်တော့ရင် ဒလန်ဆိုတဲ့ ခေါင်းစဉ်ကြီး တပ်ပြီးသတ်ဖြတ်နေကြလို့ ထောက်ပို့ PDF တွေအနေနဲ့ ကြောက်ရွံ့နေကြရတာလည်း ဖြစ်ပါတယ်။ NUG လက်အောက်ခံ(ပကဖ)ထောက်ပို့ အဖွဲ့ကို Local က သတ်လိုက်၊ Local ထောက်ပို့ကို (ပကဖ) အဖွဲ့က ဒလန်ဆိုပြီးသတ်လိုက်နဲ့ အချင်းချင်း စာခွက်လုနေကြတာ။ အားလုံးကတော့ တပ်မတော်ကြီးကို တော်လှန်ကြမယ်ဆိုပြီး လက်နက်ကိုင်ခဲ့ကြသော်လည်း သူတို့အဖွဲ့ထဲမှာကို အဖွဲ့မတူရင် မတူသလို အင်အားများတဲ့အဖွဲ့က များသလို ဗိုလ်ကျချင်နေလို့ အချို့သော လက်နက်ကိုင်များ အနေဖြင့် “ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး” ဆိုသလိုဖြစ်လာနေတာကြောင့် နိုင်ငံတော်အစိုးရထံ လက်နက်များ အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာတာဖြစ်ကြောင်း သိရှိရပါတယ်။