ဘားအံမြို့တွင် တပေါင်းပွဲတော်ကျင်းပ

၂၀၂၃ ခုနှစ် မတ်လ ၅ ရက် ညနေ ၄ နာရီခွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲမှ ကြီးမှူးကျင်းပသော ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ဖွင့်အခမ်းအနားကို ဘားအံမြို့၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ပြီး လာရောက်လည်ပတ်သော ပြည်သူများအား ရပ်ကွက်အလိုက်အဖွဲ့များက စတုဒိသာကျွေးမွေးခြင်း၊ မီးပုံပျံလွှတ်တင်ခြင်း၊ ဇာတ်ပွဲပြသဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။