သင်္ကန်းကျွန်းမှာ အကြမ်းဖက်သမား ၄ ဦးကို သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းမိ

အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ လျှိဝှက်သတင်းပေးမှုအရ ယနေ့ မေလ ၃၀ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင် ၃ လမ်းရှိနေအိမ်တစ်အိမ်မှာ အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ DJI Drone ၂ စီး၊ ၁၂ ဗို့ကျည် ၂၃၀ တောင့်၊ ၉ မမ ကျည် ၁၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၃၀ တောင့်၊ အီနာဂါ ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။