အကြမ်းဖက် KNU/PDF များမှ ကျုံဒိုးမြို့၊ အမှတ် ၃ ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်ခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ် ၃ ရပ်ကွက်အတွင်းသို့ အကြမ်းဖက် KNU/PDF များမှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက် KNU/PDF များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမှတ် ၃ ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဒေါ်….၏ နေအိမ်နှင့် အိမ်နီးချင်း နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ ပျက်ဆီးသွားခဲ့ကြောင်းနှင့် လူသူထိခိုက်မှု မရှိဟု ကနဦးသိရကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက်သမားများမှ စစ်သား၊ အရပ်သား/ပြည်သူဟူ၍ ပစ်မှတ်မခွဲခြားပဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏကြုံတွေ့ရလျက်ရှိပါသည်။