အစ္စရေးနိုင်ငံရှိ မြန်မာနိုင်ငံသား ၄ ဦးအား ပြန်လည်ခေါ်ဆောင်

 အစ္စရေးနိုင်ငံတွင်း အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ဂါဇာကမ်းမြှောင်ဒေသရှိ ဟားမတ်စ်အဖွဲ့၏ ရုတ်တရက် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများကြောင့် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ပြည်ပနိုင်ငံသားအချို့ ထိခိုက်ဒါဏ်ရာရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းများ ရှိနေကြောင်း ၊ ဟားမတ်စ်အဖွဲ့သည် ပြည်ပနိုင်ငံအချို့မှ နိုင်ငံ သားများကို ဓါးစာခံအဖြစ် ပြန်ပေးဆွဲထားခြင်းများ ဖြစ်ပွားလျက်ရှိသည်ကိုကြားသိရကြောင်း၊ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာ နိုင်ငံသားများအနေဖြင့် အခက် အခဲတစ်စုံတစ်ရာ ကြုံတွေ့နေရခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် နေရပ်ပြန်လိုသူများ ရှိပါက မြန်မာသံ ရုံး၊ တဲလ်အဗီးမြို့သို့ ဆက်သွယ်ရန် အသိပေးကြေ ညာချက်များ ထုတ်ပြန်ခဲ့သည်ကို သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။

     အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲ အခြေအနေများကြောင့် ဘေးဒုက္ခရောက်ကာ နေရပ်ပြန်လိုသူများကို နိုင်ငံတော်အစိုးရ အစီ အစဉ်ဖြင့် ပို့ဆောင်ပေးနိုင်ရေး သက်ဆိုင်ရာ မြန်မာသံရုံးမှ ကြေညာချက်များ ထုတ်ပြန်၍ စာရင်းကောက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ စာရင်းကောက်ခံရာမှ ဆန္ဒပြုစာရင်းပေးသွင်းလာသည့် မြန်မာနိုင်ငံသား ၄ ဦးကို နိုင်ငံ တော်အစိုးရအစီအစဉ်ဖြင့် လေကြောင်းခရီးစဉ်များ အသုံး ပြုကာ နေရပ်ပြန်နိုင်ရေးကူညီဆောင်ရွက် ပေးခဲ့သည်ဟု တဲလ်အဗီးမြို့အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

      နိုင်ငံတော်အစိုးရ၏ စီစဉ်မှု နေရပ်ပြန်လိုသော ကိုအောင်ကျော်ဦး(ခ)ခွန်အောင်ကျော်ဦး၊
မလမိုင်မိုင်းရာ၊ မမိုးသီတာအောင်နှင့် မခင်နှင်းအိတို့ ၄ ဦးကို တဲလ်အဗီးမြို့မှ ထိုင်းနိုင်ငံ၊ ဘန် ကောက်သို့ အစ္စရေးလေကြောင်းလိုင်းဖြင့်လည်း ကောင်း၊ ဘန်ကောက်မှ ရန်ကုန်သို့ MAI လေ ကြောင်းလိုင်းဖြင့်လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း၊ တဲလ်အဗီးမြို့မှ ယမန်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်က စတင်ထွက်ခဲ့ပြီး ယနေ့ ည ၉ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရပါသည်။