နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာသံရုံးမှ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများနှင့်တွေ့ဆုံ၊ အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်သို့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၆ ရက် ဒေသစံတော်ချိန်နေ့လယ် ၁၂ နာရီ ၅၅ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံး၊ စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသားများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ သင်တန်းသားများက အသီးသီး လက်ခံရယူကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အတနာမီကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ရှိရွှေစည်းခုံ(ပုံတူ) စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး အတနာမီကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။