တပ်နှင့်ပြည်သူမြဲကြည်ဖြူ ဖျက်ရန်ဟူသမျှချေမှုန်းကြ

ဖေဖော်ဝါရီလ ၂ ရက်နေ့ ယနေ့တွင် တောင်တွင်းကြီးမြို့၌ ပြည်သူ့စစ်သင်တန်း အမှတ်စဥ်(၂/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် တပ်မတော်နှင့်လက်တွဲပြီးအကြမ်းဖက်သမားတွေရန်ကိုကာကွယ်နှိမ်နင်းဖို့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အင်အားတဖြည်းဖြည်းနဲ့ များပြားလာပြီပဲဖြစ်ပါတယ်။ တပ်နှင့်ပြည်သူမြဲကြည်ဖြူ ဖျက်ရန်ဟူသမျှချေမှုန်းကြ ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာ ကိုယ့်လူမျိုး ကိုယ့်ပြည်ကို ကာကွယ်ဖို့အတွက် ပြည်သူတွေပါဝင်လာကြပြီဖြစ်ပါတယ်။ နောက်ထပ်လည်း အခြားမြို့နယ်တွေမှာ ပြည်သူ့စစ်သင်တန်းတွေဖွင့်လှစ်ပြီး တက်ရောက်သင်ကြားကြဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ တောင်တွင်းကြီးမြို့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ သင်တန်းဆင်းပွဲနဲ့လေ့ကျင့်နေတဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ တရားသောစစ်ကိုဆင်နွှဲနေကြတဲ့ ပြည့်သူတပ်မတော်သားများအားလုံး တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာအောင်ကြပါစေလို့ PCT အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။