မော်လမြိုင်မြို့နေပြည်သူများမှ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုအား ကန့်ကွက်ဆန္ဒပြကြ

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မော်လမြိုင်မြို၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ပန်းခြံဥယျာဥ်ခြံအတွင်း အင်အား ၁၀၀၀ ခန့်ရှိ မော်လမြိုင်မြို့နေ ပြည်သူများမှ-
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပါသည်”
“အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့”
“ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နှောက်ယှက်နေသော ပြည်ပနိုင်ငံများ၊ အလိုမရှိ”
“အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများ၊ အလိုမရှိ”
“ကုသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား၊ ဆန့်ကျင်ကြ”
“မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေး၊ ဒိုအရေး”
“အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုများ၊ ချက်ချင်း ရပ်”
“ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ်နေမှု များ၊ ချက်ချင်းရပ်”